Slide # 1

Welcome

We build with the intention of exceeding our clients’ expectations for safety, quality, functionality, and aesthetics, and deliver finished products that stand the test of time.

Pages

မင်္ဂလာပါ
   
မိတ်ဆွေတို့ရဲ့ မှန်ကန်တဲ့ရွေးချယ်မှုကို အကောင်းဆုံးဝန်ဆောင်မှူပေးဖို့ ကွန်ပိုဆိုက်မြန်မာ က အမြဲအသင့်ရှိပါတယ်။

သစ်အလုံးလိုက် ပြည်ပတင်ပို့မှု ရပ်ဆိုင်းမှု ဝင်ငွေကျသော်လည်း သစ်တောတွေ အကျိုးများ

ဦးသိန်းစိန် အစိုးရက သစ်တောများကို ကာကွယ်ရန် အားထုတ်သည့် အနေဖြင့် ယခုနှစ် ဧပြီလ ၁ရက်နေ့မှ စတင်၍ သစ်များကို အလုံးလိုက်တင်ပို့ခြင်းကို တားမြစ်တော့မည်ဖြစ်၍ ယခင်စစ်အစိုးရလက်ထက်က အများ၏ ဝေဖန်ပြောဆိုမှုများကြားမှ ၀င်ငွေ အများအပြား ရှာဖွေနိုင်ခဲ့သည့် သစ်လုပ်ငန်းကဏ္ဍအတွက် အမြန်အစွန်း ထိခိုက် ကျဆင်း မှုများရင်ဆိုင်ရတော့မည် ဖြစ်သည်။ ၂၀၁၃ ခုနှစ် မတ်လအထိ ဘဏ္ဍာရေးနှစ် အတွင်းတွင် ပြည်ပသို့ သစ် ၁.၂၄ ကုဗတန် တင်ပို့ခဲ့ပြီး နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် ရရှိခဲ့သည်ဟ (ဓာတ်ပုံ – Reuters) မြန်မာနိုင်ငံသည် အာရှတိုက်တွင် သစ်တောဧရိယာ ကျယ်ကျယ်ပြန့်ပြန် ကျန်နေသေးသည့် နိုင်ငံအနည်းငယ်ထဲမှ တခု ဖြစ်သည်။ မြောက်ဖက် ဟိမ၀န္တာတောင်ဆွယ်များ၏ ဆင်ခြေလျှောများမှသည်...

ရန်ကုန်မြို့သစ် စီမံကိန်းကို ၂၀၄၀ အတွင်း ပြန်လုပ်မည်ဟု မြို့တော်ဝန်ပြော

ရန်ကုန်မြို့သစ်စီမံကိန်း ကို လေ့လာသုံးသပ်ရန် ရပ်ဆိုင်း လိုက်သော်လည်း တိုးချဲ့မည့် အစီအစဉ်ကို ၂၀၄၀ ပြည့်နှစ် အတွင်း ပြန်လည်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့ တော်ဝန် ဦးလှမြင့် ကပြောကြားသည်။‘‘ထပ်မံလေ့လာသုံးသပ်ဖို့ လိုတယ်ဆိုပြီး ဖျက်သိမ်းလိုက် တာပေါ့နော်။ ဒါပေမဲ့ နဂို ရန်ကုန်မြို့သစ်စီမံကိန်း ၂၀၄၀ အရ JICAနဲ့ ဆွေးနွေးထားပြီးသားလေ။ ဘယ်နေရာမှာ မြို့ကိုချဲ့ဖို့ လို တယ်ဆိုတာ ပါပြီးသားပါ။ လူ ဦးရေလည်း တိုးလာတာပေါ့နော်။ မြို့သစ်ကတော့ ၂၀၄၀ အတွင်း တော့ ချဲ့မှာပါ။ ဘယ်လိုပုံစံနဲ့ ချဲ့ မလဲ ဆိုတာတော့ ပြန်ပြီးတော့ အကုန်လေ့လာသုံးသပ်ရဦးမှာ ပေါ့’’ဟု စက်တင်ဘာ ၂၇ ရက်တွင် ရန်ကုန် မြို့တော်ဝန်ဦးလှမြင့်အား7 Day သတင်းစာက မေးမြန်းရာ ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း...

ကြယ်ခေါင်တွင် တရုတ်ကုန်သည်များက မြန်မာထွက် ဖရဲသီးများအား စကာတင်ရွေးချယ်ဝယ်ယူနေမှုကြောင့် မြန်မာဖရဲသီးကုန်သည်များ အရှုံးပေါ်နေ

ကြယ်ခေါင်၊ ဒီဇင်ဘာ ၁ မြန်မာ နိုင်ငံမှ ထွက်ရှိသည့် ဖရဲသီးနှင့် သ ခွားမွှေးတို့သည် တရုတ်ပြည် ကြယ် ခေါင်မြို့သို့ နေ့စဉ်ကုန်တင်ယာဉ်ကြီး များဖြင့်အဝင်များနေရာ တရုတ်ကုန် သည်တို့က ရွေးချယ်ဝယ်ယူနေ သဖြင့် မြန်မာသီးနှံကုန်စည်များ ကားခပင် မရဘဲ အရှုံးပေါ်လျက်ရှိနေကြောင်း သိရသည်။အဆိုပါပို့ကုန်များကို ၁ဝ၅ မိုင် ၌ အရောင်းအဝယ်ပြုလုပ်ပြီး ကြယ် ခေါင်ကားကြီးကွင်း၌ ကားပြောင်းရာ တွင် ဖရဲသီးများကို စကာတင်ရွေး ချယ်ဝယ်ယူမှုကြောင့် ကားတစ်စီး လျှင် တစ်ဝက်ကျော်သာရောင်းကြရ ၍ ကားဖိုးပင် မရကြောင်း သိရသည်။မန္တလေး-မူဆယ်- ကြယ်ဂေါင် သို့ ကုန်ပစ္စည်းများ ပို့ဆောင်ရာတွင် ၁၆ မိုင်ဂိတ်နှင့် ၁ဝ၅ မိုင်ဂိတ်တို့၌ စစ်ဆေးခံရာမှာလည်း ၂ ရက်မှ ၃ ရက်ထိ ကြာမြင့်ပြီး ကြယ်ခေါင်ကား ကြီးကွင်း၌လည်း...

ကမ္ဘာကျော် ဆမ်ဆောင်းကုမ္ပဏီက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် အစီအစဉ်ကို ဖျက်သိမ်းခဲ့

ကမ္ဘာကျော် ဆမ်ဆောင်းကုမ္ပဏီက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် အစီအစဉ်ကို ဖျက်သိမ်းခဲ့ပြီး ဗီယက် နမ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် ရွေးချယ်ခဲ့သည်။ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမည် ဆိုပါက လူ ၆၀,၀၀၀ အား အလုပ်ခန့်အပ်မည်ဟု ဆမ်ဆောင်းကုမ္ပဏီက အာမခံပေးခဲ့သည်။သို့သော် ဆမ်ဆောင်းကုမ္ပဏီက တောင်းဆိုသော အထူးဈေးနှုန်း သတ်မှတ်ပေးရန် လွှတ်တော်၏ အတည်ပြုချက် ရယူရမည် ဖြစ်သည်။ အစိုးရအဖွဲ့ အနေဖြင့် လွှတ်တော်တွင် တင်ပြပြီး ညှိနှိုင်းရမည့် လုပ်ငန်းစဉ်ကို မလုပ်လိုသဖြင့် ဆမ်ဆောင်း၏ တောင်းဆိုချက်ကို ငြင်းပယ်လိုက်ခြင်း ဖြစ်သည်ဟု အဆိုပါဖြစ်စဉ်ကို အတွင်းကျကျသိသော လုပ်ငန်းရှင်တစ်ဦးက ပြောသည်။ဒီဇင်ဘာလ ၃ ရက်နေ့ထုတ် 7 Days News ဂျာနယ်ပါ ဆောင်းပါးရှင် ပြည်သိမ်း၏ “နိုင်ငံရေးကြောင့်စီးပွားရေးက...