Slide # 1

Welcome

We build with the intention of exceeding our clients’ expectations for safety, quality, functionality, and aesthetics, and deliver finished products that stand the test of time.

Slide # 2

Welcome

We build with the intention of exceeding our clients’ expectations for safety, quality, functionality, and aesthetics, and deliver finished products that stand the test of time.

Slide # 3

Welcome

We build with the intention of exceeding our clients’ expectations for safety, quality, functionality, and aesthetics, and deliver finished products that stand the test of time.

Slide # 4

Welcome

We build with the intention of exceeding our clients’ expectations for safety, quality, functionality, and aesthetics, and deliver finished products that stand the test of time.

Slide # 5

Welcome

We build with the intention of exceeding our clients’ expectations for safety, quality, functionality, and aesthetics, and deliver finished products that stand the test of time.

Pages

မင်္ဂလာပါ
   
မိတ်ဆွေတို့ရဲ့ မှန်ကန်တဲ့ရွေးချယ်မှုကို အကောင်းဆုံးဝန်ဆောင်မှူပေးဖို့ ကွန်ပိုဆိုက်မြန်မာ က အမြဲအသင့်ရှိပါတယ်။

သစ်အလုံးလိုက် ပြည်ပတင်ပို့မှု ရပ်ဆိုင်းမှု ဝင်ငွေကျသော်လည်း သစ်တောတွေ အကျိုးများ

ဦးသိန်းစိန် အစိုးရက သစ်တောများကို ကာကွယ်ရန် အားထုတ်သည့် အနေဖြင့် ယခုနှစ် ဧပြီလ ၁ရက်နေ့မှ စတင်၍ သစ်များကို အလုံးလိုက်တင်ပို့ခြင်းကို တားမြစ်တော့မည်ဖြစ်၍ ယခင်စစ်အစိုးရလက်ထက်က အများ၏ ဝေဖန်ပြောဆိုမှုများကြားမှ ၀င်ငွေ အများအပြား ရှာဖွေနိုင်ခဲ့သည့် သစ်လုပ်ငန်းကဏ္ဍအတွက် အမြန်အစွန်း ထိခိုက် ကျဆင်း မှုများရင်ဆိုင်ရတော့မည် ဖြစ်သည်။






၂၀၁၃ ခုနှစ် မတ်လအထိ ဘဏ္ဍာရေးနှစ် အတွင်းတွင် ပြည်ပသို့ သစ် ၁.၂၄ ကုဗတန် တင်ပို့ခဲ့ပြီး နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် ရရှိခဲ့သည်ဟ (ဓာတ်ပုံ – Reuters)
မြန်မာနိုင်ငံသည် အာရှတိုက်တွင် သစ်တောဧရိယာ ကျယ်ကျယ်ပြန့်ပြန် ကျန်နေသေးသည့် နိုင်ငံအနည်းငယ်ထဲမှ တခု ဖြစ်သည်။ မြောက်ဖက် ဟိမ၀န္တာတောင်ဆွယ်များ၏ ဆင်ခြေလျှောများမှသည် တောင်ဖက်ရှိ မုတ်သုန်သစ်တောများအထိ သစ်တောများ ဖုံးလွှမ်းနေခဲ့သည်။

သို့သော်လည်း သစ်တောများ လျှင်လျှင်မြန်မြန် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

၁၉၉၀ ခုနှစ်တွင် သစ်တောဖုံးလွှမ်းမှုက ၅၈ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၀ ခုနှစ်တွင် ၄၇ ရာခိုင်နှုန်းသာရှိတော့ကြောင်း သစ် တောဝန်ကြီးဌာန၏ အချက်အလက်များအရသိရသည်။ ၅ ပုံ ၁ပုံ နီးပါး ကျဆင်းသွားခြင်းဖြစ်သည်။

၂၀၁၃ ခုနှစ် မတ်လအထိ ဘဏ္ဍာရေးနှစ်အတွင်းတွင် ပြည်ပသို့ သစ် ၁.၂၄ ကုဗတန် တင်ပို့ခဲ့ပြီး နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် ရရှိခဲ့သည်ဟု အစိုးရက ထုတ်ပြန်ခဲ့သည်။

၂၀၁၁ ခုနှစ် အရပ်သား အမည်ခံအစိုးရ အာဏာရရှိလာခဲ့ပြီး နောက်ပိုင်းအထိ သစ်လုပ်ငန်းသည် မြန်မာအစိုးရ အတွက် ၀င်ငွေရရှိရန် အရေး ပါသော လမ်းကြောင်းတခုအဖြစ် ရှိနေသေးသော်လည်း ယခင်ကလောက် ဝေဖန်ပြောဆိုခြင်း မခံရ တော့ပါ။

မြန်မာနိုင်ငံ၏ စီးပွားရေး နှင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို အသိအမှတ်ပြုသည့် အနေဖြင့် ဥရောပသမဂ္ဂ၊ အမေရိကန် ပြည်ထောင်စုနှင့် အခြားနိုင်ငံများက ဒဏ်ခတ်ပိတ်ဆို့မှုများကို ဆိုင်းငံပေး၊ ပယ်ဖျက်ပေးခဲ့ကြပြီး တယ်လီဖုန်း ဆက်သွယ် ရေး အပါအ၀င် ကဏ္ဍများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကိုလည်း ခွင့်ပြုပေးခဲ့သည်။

ယခုအချိန်တွင် ပြုပြင်ပြောင်းလဲရေးက သစ်တောကဏ္ဍသို့ ရောက်ရှိလာပြီဖြစ်သည်။ အစိုးရက သစ်တောများ ထိန်းသိမ်းရေး ကို ငွေကြေးအမြတ်အစွန်းထက် ပို၍ ဦးစားပေးဖို့ အသင့်ဖြစ်နေသည်။

တားမြစ်ချက်သည် ပို့ကုန်ဝင်ငွေ၏ ၉၀ ရာခိုင်နှုန်းခန့်ကို သစ်အလုံးလိုက်တင်ပို့ခြင်းနှင့် ကုန်ချောမဟုတ်သည့် ထွက်ကုန်များမှ ရရှိနေသည့် သစ်တောလုပ်ငန်း ကဏ္ဍကို ထိခိုက်နစ်နာစေနိုင်သည်ဟု မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင်များ အသင်းမှ ဦးဘာဘာချိုက ပြောသည်။ မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင်များ အသင်းသည် ကုမ္ပဏီ ပေါင်း ၉၀၀ ခန့်ကို ကိုယ်စားပြု ဖွဲ့စည်းထားခြင်းဖြစ်သည်။

“မြန်မာနိုင်ငံရဲ့ သစ်လုပ်ငန်းကို ထိခိုက်နိုင်ပါတယ်၊ လူတချို့ကို ထိခိုက်နိုင်ပါတယ်။ ဒါက ကျနော်တို့အတွက် ရှေ့ ဆက်ဖို့ ခက်ခဲပြီး ရှုပ်ထွေးတဲ့ အခြေအနေဖြစ်ပါတယ်” ဟု ဦးဘာဘာချိုက ပြောသည်။

ဥပဒေသစ်ကြောင့် သစ်လုပ်ငန်းရှင်များ ၀င်ငွေ အလွန်ကျဆင်းသွားနိုင်ပြီး ဆက်လက်ရပ်တည်နိုင်ရေးအတွက် သစ်ခွဲစက် အသစ်များတွင် မဖြစ်မနေရင်းနှီး မြှုပ်နှံဖို့ ဖြစ်လာနေရသည်။

သို့သော်လည်း ယခင်စစ်အစိုးရလက်ထက်က သစ်များကို အလွန်အကျွံ ထုတ်ယူခဲ့သောကြောင့် ဆယ်စုနှစ် အနည်းငယ် အတွင်းတွင် သစ်တောများ ပြုန်းတီးခဲ့ရပြီဖြစ်၍ ထိုသို့ အရေးယူဆောင်ရွက်ဖို့ လိုအပ်နေကြောင်း ဦးဘာဘာချိုက ပြော သည်။

ဒဏ်ခတ်ပိတ်ဆို့ခံထားရခြင်း၊ စီးပွားရေး စီမံခန့်ခွဲမှု ကာလရှည်ကြာစွာ မှားယွင်းခဲ့ခြင်းနှင့် ငွေမာ အရေးတကြီးလိုအပ်မှု တို့ကြောင့် စစ်ဗိုလ်ချုပ်များက သူတို့၏ လက်စွဲခရိုနီများကို သစ်ထုတ်ခွင့်များချပေးပြီး နိုင်ငံခြားသို့ သစ်လုံးများတင်ပို့ကာ စစ်အုပ်ချုပ်ရေး ခိုင်မာဖို့ အတွက် လိုအပ်နေသော ငွေကြေးကိုရှာဖွေခဲ့သည်။

သစ်တောထွက်ကုန်များသည် စစ်အစိုးရ၏ ဒုတိယ အရေးအပါဆုံးသော နိုင်ငံခြားငွေရရှိရာ အရင်းအမြစ်တခုဖြစ်ပြီး ၂၀၀၄-၀၅ ဘဏ္ဍာရေးနှစ်တွင် ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၄၂၈ သန်း ရရှိခဲ့သည်ဟု သဘာဝအရင်းအမြစ် စောင့်ကြည့်ရေး အဖွဲ့တခုဖြစ်သည့် Global Witness က ပြောသည်။

သစ်လုပ်ငန်း စီးပွားရေးတွက် ကုမ္ပဏီကြီး များဖြစ်သော Asia World၊ Htoo Group နှင့် ယုဇန ကုမ္ပဏီများ ပါဝင်ပတ်သက် ခဲ့ကြသည်။ Htoo Group နှင့် ယုဇန ကုမ္ပဏီ တို့သည် သဘာဝပတ်ဝန်းကျင်အရ အကဲဆတ်သည့် တနင်္သာရီတိုင်း၏ တောင်ပိုင်းတွင် ဆီအုန်းပင် အကြီးအကျယ် စိုက်ပျိုးနေသည့် ကုမ္ပဏီများဖြစ်သည်။

ယုဇန ကုမ္ပဏီက ကချင်ပြည်နယ်မြောက်ပိုင်းရှိ ကမ္ဘာပေါ်တွင် အကျယ်ပြန့်ဆုံး ကျားထိန်းသိမ်းစောင့်ရှောက်ရာဒေသတွင် ဧက ၂၀၀၀၀၀ ကျယ်ဝန်းသည့် ဇီဝလောင်စာ စီမံကိန်းတခု လုပ်ကိုင်နေပြီး ထိုဒေသတွင် လမ်းများနှင့် ဆည်များတည် ဆောက်ရန် Asia World ကုမ္ပဏီကို စစ်တပ်က ကန်ထရိုက်ချထားပေးခဲ့သည်ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့တခုဖြစ်သည့် Forest Trends ကပြောသည်။

“အဲဒီနာမည်ကြီး ကုမ္ပဏီတွေ အားလုံးက သူတို့စီမံကိန်း ဧရိယာတွေမှာ သစ်ထုတ်လုပ်ခွင့်လည်း ရကြပါတယ်” ဟု ၀ါရှင် တန်အခြေစိုက် Forest Trends က လတ်တလော ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာ တစောင်တွင် ဖော်ပြခဲ့သည်။

သစ်ပင်အမျိုးအစား အားလုံးအတွက် အကျုံးဝင်သော တားမြစ်ပိတ်ပင်မှုသည် စိုက်ပျိုးထုတ်လုပ်ခြင်း ပြုမည့် အစား သဘာဝသစ်တောများမှ ကျွန်းသစ်လုံးများကိုသာ နိုင်ငံခြားသို့ တင်ပို့သော နိုင်ငံဆိုသည့် အနေအထားကို ရပ်တန့်သွား စေလိမ့်မည်ဖြစ်သည်။ ယမန်နှစ်က ကျွန်းသစ်တင်ပို့ခြင်း တခုထဲမှ အမေရိကန်ဒေါ်လာ ၃၅၉ သန်း ရရှိခဲ့ပါသည်။

“ဒီလိုပိတ်ပင်မှုကို ဟိုအရင်အချိန်တွေကထဲက လုပ်ခဲ့သင့်ပါတယ်။ ဒါပေမယ့် နောက်ကျတာက ဘယ်တော့မှ မလုပ်တာ ထက်စာရင်တော့ တော်ပါသေးတယ်” ဟု သစ်တော ၀န်ကြီးဌာနမှ အရာရှိတဦးက ရိုက်တာသို့ပြောသည်။

“ဒီလိုလုပ်လိုက်တဲ့ အတွက် သစ်အခြေပြုတဲ့ စက်မှုလုပ်ငန်းတွေကို အားပေးရာရောက်ပြီးတော့ အလုပ်အကိုင်အခွင့် အလမ်းတွေ တိုးလာလိမ့်မယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်” ဟု  အဆိုပါ အရာရှိကပြောသည်။ သူ့ အနေဖြင့် မီဒီယာ များနှင့် စကားပြောခွင့် မရှိသည့်အတွက် သူ၏ အမည်ကို ထုတ်ဖော်ပြောဆိုရန်လည်း သူက ညင်းဆန်ခဲ့သည်။

နောက်နှစ်မှ စ၍ သစ်တောများမှ ကျွန်းသစ်ခုတ်ယူခွင့် ပမာဏကို ၈၀ ရာခိုင်နှုန်း လျှော့ချရန် စီစဉ်နေသည်ဟု ဦးဘာဘာချို ကပြောသည်။

ခရိုနီများ မည်သို့ရှေ့ဆက်သွားကြမည်ဆိုခြင်းက မေးခွန်းတခုဖြစ်သည်။ သို့သော်လည်း မြန်မာနိုင်ငံ၏ နာမည်ဆိုးနှင့် ကျော်ကြားသည့် သစ်လုပ်ငန်းသည် ထိပ်တန်း စီးပွားရေးသမား အများစု တိုးတက်ကြီးပွားခဲ့ရသည့် အဓိက အရင်းအမြစ် တခုလည်း ဖြစ်နေသည်။

ယခုအချိန်တွင် သတ္တုတူးဖော်ရေးလုပ်ငန်းမှ ခရီးသွားလုပ်ငန်းအထိ စီးပွားရေးကို ဖြန့်ကျက်လုပ်ကိုင်နေသည် Htoo Group သည် သူ၏ ယောက္ခမ ထံမှ ချေးငွေဖြင့် တည်ထောင်ခဲ့သော သစ်ခွဲစက် တခုမှ နေ၍ စတင်ကြီးထွားလာခဲ့ခြင်း ဖြစ်ကြောင်း နာမည်ကျော် မြန်မာလုပ်ငန်းရှင်ကြီး ဦးတေဇက ပြောခဲ့သည်။

လုပ်ပိုင်ခွင့်များရရှိဖို့ အတွက် အဆက်အသွယ်နှင့် လုပ်ခဲ့ခြင်း မဟုတ်ကြောင်း၊ ဈေးပြိုင်စနစ်ဖြင့် ချထားပေးခြင်းသာ ဖြစ်ကြောင်း သူကပြောသည်။ သို့သော်လည်း သူ၏ ဖခင်ဖြစ်သူသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေအပါအ၀င် စစ်တပ် ထိပ်သီး ပုဂ္ဂိုလ်များ နှင့် အတူ အမှုထမ်းခဲ့ကြောင်း သူကပြောသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ဦးတေဇက သူ၏ စီးပွားရေး အင်ပါယာကို ထူထောင်နိုင်ခဲ့သော ၁၉၉၂ ခုနှစ်မှ ၂၀၁၁ ခုနှစ် အတွင်းတွင် မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့သူဖြစ်သည်။

“ဒါက မျှတတဲ့ ပြိုင်ဆိုင်မှုဖြစ်ပါတယ်။ ၀န်ကြီးနဲ့ သိဖို့မလိုပါဘူး။ ပွင့်လင်းမြင်သာတဲ့ ယှဉ်ပြိုင်မှု သက်သက်ပါ” ဟု ဒီဇင်ဘာ လအတွင်းက တွေ့ဆုံမေးမြန်းခန်း တခုတွင် ဦးတေဇက ပြောခဲ့သည်။

သစ်လုပ်ငန်းအပါအ၀င် စစ်အစိုးရနှင့် နီးစပ်သည့် အခြားလုပ်ငန်းများအတွက် တင်ဒါဆိုသည်မှာ ဟန်ပြသက်သက်သာ ဖြစ် ကြောင်း အမှန်တကယ်လုပ်ပိုင်ခွင့်ကို နောက်ကွယ်တွင် ချထားပေးခြင်း ဖြစ်ကြောင်း ဦးဘာဘာချိုက ပြောသည်။

“တင်ဒါစနစ်မဟုတ်ပါဘူး။ ညှိတဲ့ စနစ်ပါ” ဟု သူကဆိုသည်။

မြန်မာနိုင်ငံတွင် ဇီဝမျိုးကွဲများ အကြွယ်ဝဆုံးဒေသများထဲမှ တခုဖြစ်သည့် တနင်္သာရီတိုင်းတွင် အမျိုးသားဥယျာဉ်ပြုလုပ် ရန် စီစဉ်ထားသည့် ထဲမှ မိုးသစ်တော ဧက ၆၆၈၀၀၀ ကို ဦးတေဇ၏ ကုမ္ပဏီတခုက ရရှိခဲ့ကြောင်း စာရင်း အချက် အလက်များ အရ သိရသည်။

ဦးတေဇအား ဆီအုန်း စိုက်ပျိုးရန်ချထားပေးသည့် နေရာအနီးမှ သစ်တောဧက ၁၆၂၀၀၀ ၏ ၃ပုံ ၂ပုံ နီးပါးကိုလည်း ၂၀၀၇-၀၈ ဘဏ္ဍာရေး နှစ်အထိ ငါးနှစ်တာအတွင်း ခုတ်လှဲခဲ့သည်ဟုလည်း ဆိုသည်။

ဦးတေဇ နှင့် ယုဇန ကုမ္ပဏီနှင့် Asia World တို့မှ ကိုယ်စားလှယ်များကို မှတ်ချက်ပေးရန် မေတ္တာရပ်ခံခဲ့သော်လည်း တုန့် ပြန်ခြင်း မပြုခဲ့ပါ။

သစ်လုံးတင်ပို့ခြင်းကို တားမြစ်လိုက်ခြင်းကြောင့် သစ်တောလုပ်ငန်းကို အဓိကထားသည့် ကုမ္ပဏီများအနေဖြင့် လုပ်နည်းလုပ်ဟန်အသစ်များ နှင့် အခြားသော လုပ်ငန်းအမျိုးအစားများတွင်ပါ ရင်းနှီးမြှုပ်နှံရန် မဖြစ်မနေလုပ်ဆောင် ကြရတော့မည်ဟု ရန်ကုန်အခြေစိုက် စီးပွားရေးအတိုင်ပင်ခံ ကုမ္ပဏီဖြစ်သော Thura Swiss မှ ဦးအောင်သူရ က ပြော သည်။

“သူတို့ အပေါ်မှာတော့ သက်ရောက်ပါလိမ့်မယ်။ ဒါပေမယ့် သူတို့ကို ထိခိုက်နိုင်မှာတော့ မဟုတ်ဘူး။ သစ်တွေကို အလုံးလိုက် နိုင်ငံခြားကိုပို့တာ မဟုတ်တော့ဘဲ သူတို့ ရဲ့ ရင်းနှီးမြှုပ်နှံမှုက တခြားနည်းလမ်းဖြစ်သွားပါမယ်” ဟု သူက ဆိုသည်။

ဂျရက်ဖာရီ ( Reuters) | ဧရာဝတီ

ရန်ကုန်မြို့သစ် စီမံကိန်းကို ၂၀၄၀ အတွင်း ပြန်လုပ်မည်ဟု မြို့တော်ဝန်ပြော

ရန်ကုန်မြို့သစ်စီမံကိန်း ကို လေ့လာသုံးသပ်ရန် ရပ်ဆိုင်း လိုက်သော်လည်း တိုးချဲ့မည့် အစီအစဉ်ကို ၂၀၄၀ ပြည့်နှစ် အတွင်း ပြန်လည်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့ တော်ဝန် ဦးလှမြင့် ကပြောကြားသည်။

‘‘ထပ်မံလေ့လာသုံးသပ်ဖို့ လိုတယ်ဆိုပြီး ဖျက်သိမ်းလိုက် တာပေါ့နော်။ ဒါပေမဲ့ နဂို ရန်ကုန်မြို့သစ်စီမံကိန်း ၂၀၄၀ အရ JICAနဲ့ ဆွေးနွေးထားပြီးသားလေ။ ဘယ်နေရာမှာ မြို့ကိုချဲ့ဖို့ လို တယ်ဆိုတာ ပါပြီးသားပါ။ လူ ဦးရေလည်း တိုးလာတာပေါ့နော်။ မြို့သစ်ကတော့ ၂၀၄၀ အတွင်း တော့ ချဲ့မှာပါ။ ဘယ်လိုပုံစံနဲ့ ချဲ့ မလဲ ဆိုတာတော့ ပြန်ပြီးတော့ အကုန်လေ့လာသုံးသပ်ရဦးမှာ ပေါ့’’ဟု စက်တင်ဘာ ၂၇ ရက်တွင် ရန်ကုန် မြို့တော်ဝန်ဦးလှမြင့်အား7 Day သတင်းစာက မေးမြန်းရာ ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

ရန်ကုန်မြို့သစ် စီမံကိန်း ဆိုင်းငံ့လိုက်ခြင်းနှင့် ပတ်သက်၍ ကောင်းကျိုး၊ ဆိုးကျိုးများမေးမြန်းရာ ‘‘အကောင်းဘက်ကို သွားလား၊ အဆိုးဘက်ကိုသွား လားဆိုရင်တော့ နှစ်ခုရှိတာပေါ့ နော်။ အားသာချက်၊ အားနည်း ချက်၊ ကောင်းကျိုး၊ ဆိုးကျိုးဆို တာတော့ ရှိတာပေါ့နော်။ လူဦး ရေတိုးချဲ့ဖို့ရယ်။ အဲဒီမှာရှိတဲ့ ပြည်သူလူထုရဲ့ဘ၀တိုးတက် အောင်လုပ်ဖို့ရယ်၊ အမြင်ကတော့ကောင်းတဲ့ဘက်ကပေါ့’’ဟု ရန် ကုန်မြို့တော်ဝန်ဦးလှမြင့်က ပြော သည်။

ရန်ကုန်တိုင်းဒေသကြီး အ နောက်ဘက်ပိုင်းတွင် တိုးချဲ့ရန် စီစဉ်ထားသည့် ရန်ကုန်မြို့သစ် စီမံကိန်းကို ရပ်ဆိုင်းလိုက်ပြီဟု စက်တင်ဘာ ၂၆ ရက်တွင် ရန်ကုန် တိုင်းလွှတ်တော်အစည်းအဝေး ၌ ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

ဖျက်သိမ်းလိုက်သည့် ရန် ကုန်မြို့သစ်စီမံကိန်းသည် ရန်ကုန် မြို့အနောက်ဘက် ဧကသုံး သောင်းခန့် ကျယ်ဝန်းမည့် ဧရိယာတွင် ကျပ်ဘီလီယံ ခုနစ်ထောင်ကျော်နှင့် အမေရိကန် ဒေါ်လာ ရှစ်ဘီလီယံ (စုစုပေါင်း ဒေါ်လာ ၁၅ ဘီလီယံဝန်းကျင်) အကုန်အကျခံဆောက်လုပ်သွားမည့် စီမံကိန်းဖြစ်သည်။ ရန်ကုန်မြို့သစ်စီမံကိန်းကို တည်ဆောက် မည်ဟု သြဂုတ်လ ၂၂ ရက်က တရားဝင် ကြေညာခဲ့ပြီးနောက်ဝေဖန်မှုအများအပြားရှိသည်။

ရန်ကုန်မြို့၏ အနောက် ဘက်တွင်ရှိသော ပန်းလှိုင်မြစ်နှင့် တွံတေးတူးမြောင်းကြား၊ လှိုင် မြစ်နှင့် လှိုင်သာ ယာတွံတေးကားလမ်းကြားမြေနေရာများကို မြို့သစ်တည်ဆောက်မည်ဟု ကြေညာခဲ့၍ ယင်းနေရာရှိ မြေဈေးကွက်မှာ တစ်ဧကလျှင် ကျပ်သိန်းထောင်ချီထိ ပေါက်ဈေး မြင့်တက်သွားခဲ့သည်။

မြို့သစ်စီမံကိန်းတွင် မြေ ၀ယ်ထားသူများမှာ ပိုက်ဘောမိပြီ ဖြစ်ကြောင်း စိုးခွန်နောင်အိမ်ခြံ မြေအကျိုး
ဆောင်က ပြောကြားသည်။

မြို့သစ် စီမံကိန်းကြောင့် ယင်းနေရာများတွင် လာရောက်ဝယ်ယူထားကြသူ အများစုမှာ တရုတ်လူမျိုး များဖြစ်ကြောင်း သတင်းရရှိသည်။

ငြိမ်းချမ်း | 7day

ကြယ်ခေါင်တွင် တရုတ်ကုန်သည်များက မြန်မာထွက် ဖရဲသီးများအား စကာတင်ရွေးချယ်ဝယ်ယူနေမှုကြောင့် မြန်မာဖရဲသီးကုန်သည်များ အရှုံးပေါ်နေ

ကြယ်ခေါင်၊ ဒီဇင်ဘာ ၁ မြန်မာ နိုင်ငံမှ ထွက်ရှိသည့် ဖရဲသီးနှင့် သ ခွားမွှေးတို့သည် တရုတ်ပြည် ကြယ် ခေါင်မြို့သို့ နေ့စဉ်ကုန်တင်ယာဉ်ကြီး များဖြင့်အဝင်များနေရာ တရုတ်ကုန် သည်တို့က ရွေးချယ်ဝယ်ယူနေ သဖြင့် မြန်မာသီးနှံကုန်စည်များ ကားခပင် မရဘဲ အရှုံးပေါ်လျက်ရှိနေကြောင်း သိရသည်။


အဆိုပါပို့ကုန်များကို ၁ဝ၅ မိုင် ၌ အရောင်းအဝယ်ပြုလုပ်ပြီး ကြယ် ခေါင်ကားကြီးကွင်း၌ ကားပြောင်းရာ တွင် ဖရဲသီးများကို စကာတင်ရွေး ချယ်ဝယ်ယူမှုကြောင့် ကားတစ်စီး လျှင် တစ်ဝက်ကျော်သာရောင်းကြရ ၍ ကားဖိုးပင် မရကြောင်း သိရသည်။

မန္တလေး-မူဆယ်- ကြယ်ဂေါင် သို့ ကုန်ပစ္စည်းများ ပို့ဆောင်ရာတွင် ၁၆ မိုင်ဂိတ်နှင့် ၁ဝ၅ မိုင်ဂိတ်တို့၌ စစ်ဆေးခံရာမှာလည်း ၂ ရက်မှ ၃ ရက်ထိ ကြာမြင့်ပြီး ကြယ်ခေါင်ကား ကြီးကွင်း၌လည်း ၂ ရက် ၃ ရက် ကြာမြင့်နေ၍ ကုန်ကျစရိတ်နှင့် ကားခ မမျှဖြစ်ကာ အရှုံးပေါ်နေရခြင်းဖြစ် သည်။

မြန်မာနိုင်ငံမှ တရုတ်သို့ တစ်ရက်လျှင် ဖရဲသီးကားအစီး ၃ဝ မှ ၅ဝ ထိ တင်ပို့နေရကြောင်း သိရ သည်။

‎Democracytoday‬

ကမ္ဘာကျော် ဆမ်ဆောင်းကုမ္ပဏီက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် အစီအစဉ်ကို ဖျက်သိမ်းခဲ့

ကမ္ဘာကျော် ဆမ်ဆောင်းကုမ္ပဏီက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် အစီအစဉ်ကို ဖျက်သိမ်းခဲ့ပြီး ဗီယက် နမ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် ရွေးချယ်ခဲ့သည်။ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမည် ဆိုပါက လူ ၆၀,၀၀၀ အား အလုပ်ခန့်အပ်မည်ဟု ဆမ်ဆောင်းကုမ္ပဏီက အာမခံပေးခဲ့သည်။

သို့သော် ဆမ်ဆောင်းကုမ္ပဏီက တောင်းဆိုသော အထူးဈေးနှုန်း သတ်မှတ်ပေးရန် လွှတ်တော်၏ အတည်
ပြုချက် ရယူရမည် ဖြစ်သည်။ အစိုးရအဖွဲ့ အနေဖြင့် လွှတ်တော်တွင် တင်ပြပြီး ညှိနှိုင်းရမည့် လုပ်ငန်းစဉ်ကို မလုပ်လိုသဖြင့် ဆမ်ဆောင်း၏ တောင်းဆိုချက်ကို ငြင်းပယ်လိုက်ခြင်း ဖြစ်သည်ဟု အဆိုပါဖြစ်စဉ်ကို အတွင်းကျကျသိသော လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ဒီဇင်ဘာလ ၃ ရက်နေ့ထုတ် 7 Days News ဂျာနယ်ပါ ဆောင်းပါးရှင် ပြည်သိမ်း၏ “နိုင်ငံရေးကြောင့်
စီးပွားရေးက ဦးစားပေး မဟုတ်တော့ဘူးလား” ဆောင်းပါးမှ ကောက်နုတ်ချက်

The Voice Weekly

လက်ရှိ ဆောက်လုပ်ရေးကဏ္ဍ၏ တန်ဖိုးမှာ ဒေါ်လာသုံးဘီလျံခန့် ရှိနေပြီး ၂၀၁၆ ခုနှစ်တွင် ဒေါ်လာ ၄ ဒသမ ၂ ဘီလျံအထိ ရှိလာမည်ဟု ခန့်မှန်း

ရန်ကုန်မြို့လယ်တွင် ဆောက်လုပ်မည့် ဘက်စုံသုံး လူနေရပ်ဝန်း ပုံစံငယ်တစ်ခု
လက်ရှိမြန်မာနိုင်ငံ၏ ဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍ၏ တန်ဖိုးမှာ ဒေါ်လာသုံးဘီလျံခန့် ရှိနေပြီး ၂ဝ၁၆ ခုနှစ်တွင် ဒေါ်လာ ၄ ဒသမ ၂ ဘီလျံအထိ ရှိလာမည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် စီးပွားရေးဆိုင်ရာ အကြံပေးကုမ္ပဏီ New Crossroads Asia (NCRA) မှ ပြုလုပ်သော သုတေသနစစ်တမ်း အချက်အလက် အရ သိရသည်။

အဆိုပါ ဆောက်လုပ်ရေးလုပ်ငန်း ကဏ္ဍမှာ နှစ်စဉ်စုစုပေါင်း တိုးတက်မှုနှုန်း ရှစ်ရာခိုင်နှုန်းခန့် ရှိမည်ဟု ခန့်မှန်းထားပြီး လာမည့်ငါးနှစ်တွင် ၄၆ ရာခိုင်နှုန်းအထိ တိုးတက်လာမည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် အိမ်ခြံမြေဈေးနှုန်းများမှာ ၂ဝ၁၁ ခုနှစ်မှစ၍ စီးပွားရေးမြို့တော် ရန်ကုန်တွင် တိုးတက်လာ ခဲ့ခြင်းဖြစ်သည်။

(NCRA) ၏ စောင့်ကြည့်လေ့လာမှုများအရ ရန်ကုန်မြို့လယ်ပြင်ပရှိ မြို့နယ်များတွင် အိမ်ခြံမြေဈေးနှုန်းများ မှာ ရာခိုင်နှုန်း ၂ဝ မှ ၃ဝ ရာခိုင်နှုန်းအထိ တိုးတက်လာကြောင်း သိရသည်။

အိမ်ခြံမြေလိုအပ်ချက်၊ ရုံးခန်းအဆောက်အအုံများ လိုအပ်ချက်၊ ဟိုတယ်နှင့် အိမ်ရာလိုအပ်ချက်များ အထူးမြင့်မားလာမှုနှင့်အတူ ဆောက်လုပ်ရေး ကဏ္ဍမှာလည်း မြန်ဆန်စွာ တိုးတက်လာခဲ့သည်။

အိမ်ခြံမြေကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများမှာ ဘက်စုံသုံး လူနေရပ်ဝန်း တည်ဆောက်ရေး စီမံကိန်း များသို့ တိုက်ရိုက်မြှုပ်နှံမှု များပြီး ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံ မှုမှာ ၁ ဒသမ ၈ ဘီလျံအထိရှိနေကြောင်း NCRA ၏ သုတေသန အချက်အလက်များက ဆိုထားသည်။

ထိုသို့ အိမ်ရာ၊ ဟိုတယ်၊ အဆောက်အအုံ လိုအပ်ချက်များ ဆက်လက်မြင့်တက်မှုကြောင့် အိမ်ခြံမြေအ ကျိုးဆောင် လုပ်ငန်းကြီး Lamudi က မြန်မာနိုင်ငံမှ အိမ်ခြံမြေလုပ်ငန်းရှင်များကို စစ်တမ်းကောက်ခဲ့ရာ လုပ်ငန်းရှင်များ၏ ၆၅ ရာခိုင်နှုန်းမှာ အနာဂတ်အိမ်ခြံမြေ လုပ်ငန်းအပေါ် အကောင်းမြင်ကြသည်ဟုဖြေ ကြားခဲ့ကြောင်း သိရသည်။

လာမည့် ၂ဝ၁၅ ခုနှစ်အတွက် မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာခြောက်ဘီလျံ အထိ ရှိလာနိုင်ရန် ယာယီရည်မှန်းထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ညွှန် ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံသည် လက်ရှိအချိန်တွင် အရှေ့တောင်အာရှ နိုင်ငံများအနက် ဒုတိယတိုးတက်မှု အမြန်ဆုံးနိုင် ငံဖြစ်ပြီး ယခုနှစ်တွင် ဆောက်လုပ်ရေး၊ ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုကဏ္ဍများတွင် တိုးတက်လာမှု များကြောင့် ၂ဝ၁၄ ခုနှစ်အတွက် မြန်မာနိုင်ငံ၏ ဂျီဒီပီကို ၈ ဒသမ ၅ ရာခိုင်နှုန်းအထိ တိုးတက်မည်ဟု ကမ္ဘာ့ဘဏ်က ပြောင်းလဲခန့်မှန်းခဲ့သည်။

ယဉ်အေး | EMG

Photos